ပျော်သွားမှာပါ သားရယ်
20-Dec-2017ဝေးလံခေါင်းပါးသောဒေသတွင် တာဝန်ကျနေသော လူပျိုဆရာဝန်လေးက မိခင်ထံဖုန်းဆက်ရာဝယ် -
“ အမေ သားဒီမှာမပျော်ဘူး။ နေရထိုင်ရစားသောက်ရတာလည်း အဆင်မပြေဘူး ”
“ မပူပါနဲ့။ သား မကြာခင်ပျော်သွားတော့မှာပါ ”
“ ဘာလဲ ဒီကပြန်ပြောင်းရအောင် အမေတို့လူကြီးတွေကို လိုက်အပူကပ်နေတယ်ပေါ့ ”
“ ဟုတ်ဘူး။ သားတို့ဆေးရုံကို တာဝန်ကျလာမယ့် နာ့စ်လေးက အမေ့သူငယ်ချင်းရဲ့သမီးလေ ”
“ အဲဒါ သားနှင့်ဘာဆိုင်လဲ ”
“ သူက ဖြူဖြူနုနု ရုပ်ချောသဘောကောင်းလေ သားရဲ့ ”
“ အန် ”
Credit : မှူးအိမ်ဇင်